ဖျော်ရည်နှင့်စပ်၍ သိမှတ်ဖွယ်ရာများ
မြတ်စွာဘုရားရှင်သည် ဖျော်ရည်ကို မွန်းလွဲအခါ၌ ပိပါသခေါ် ဆာလောင်ခြင်း အကြောင်းရှိမှသာလျှင် သုံးဆောင်ရန် ခွင့်ပြုတော်မူသည်၊ မဆာဘဲ သုံးဆောင်ခွင့် မရှိပေ။ ဆာလောင်ခြင်းသည် - (၁) ဗိုက်ဆာခြင်းနှင့် (၂) ရေဆာခြင်းဟူ၍ နှစ်မျိုးရှိသည်။ ဗိုက်ဆာမှ သောက်ခွင့်ရှိသည်။ ဗိုက်မဆာသော်လည်း ရေဆာပါက သောက်ခွင့်ရှိသည်။
ညနေပိုင်း ဖျော်ရည်ပြုလုပ်ဖွယ် မအပ်သောအသီး (၉)မျိုး
(၁) ထန်းသီး (၂) အုန်းသီး (၃) အိမ်ပိန္နဲသီး
(၄) တောင်ပိန္နဲသီး
(၅) သခွားငဆစ်သီး (၆) သခွားငပြုတ်သီး (၇)
သခွားငကြောင်သီး (၈) ဗူးသီး (၉) ဖရုံသီး
ပဲအမျိုးမျိုး / စပါး(၇)မျိုး
ညနေပိုင်း ဖျော်ရည်ပြုလုပ်ဖွယ်အပ်သောအသီး (၈)မျိုး
(၁) သပြေသီး (၂) သရက်သီး (၃) မုဒြက်သီး (၄) ဖက်သက်တရော်သီး
(၅) သစ်မည်စည်သီး (၆) အိမ်ငှက်ပျောသီး (၇)
တောငှက်ပျောသီး (၈) ကြာစွယ်
အထက်ပါ ညနေပိုင်း ဖျော်ရည်ပြုလုပ်ရန် မအပ်သော အသီးကြီး(၉)မျိုးမှအပ အောက်ပါ အပ်သော အသီး(၈)မျိုးနှင့် ထို(၈)မျိုးနှင့်
လျော်ညီသောအသီးများ၊ အရွက်များလည်း ဖျော်ရည်ပြုလုပ်ကောင်းသည်။
1.
သာမန်ရေ(အေး)ဖြင့်သာ ဖျော်ရမည်။
မီးဖြင့်
ချက်ခြင်း မပြုရ၊ ရေပူ/ရေနွေးဖြင့် မဖျော်ရ။
ရေပူ/ရေနွေးဖြစ်သော်လည်း
သာမန်ရေကဲ့သို့ အေးနေပါက ဖျော်နိုင်သည်။
(မီးဖြင့်မချက်ဘဲ)
နေဖြင့် အပူပေးက အပ်သည်။
ရေခဲသည်
ရေသည်သာဖြစ်သည်၊ သို့သော် ရေခဲတုံးပျော်သည်အထိ စောင့်ရမည် (သို့) အိတ်ဖြင့် ထည့်၍ ဖျော်ရည်ကိုအေးအောင်
ပြုလုပ်နိုင်သည်။
2.
ရေစစ်ဖြင့် အဖတ်မပါအောင် စစ်ရမည်။
ရေစစ်ဖြင့်စစ်သော်လည်း
မဖယ်နိုင်သောအနည်များပါရှိက ကိစ္စမရှိပါ။
ရှေးဦးစွာ ကာလိက (၄)မျိုးကို သိထားသင့်သည်။
(၁)
ယာဝ ကာလိက
(၂)
ယာမ ကာလိက
(၃)
သတ္တာဟ ကာလိက
(၄)
ယာဝ ဇီဝိက
(၁)
ယာဝ ကာလိက = အချိန်အားဖြင့် အရုဏ်တက်ပြီးမှ
မွန်းမလွဲခင်အထိ
(တစ်မနက်သုံး
အာဟာရ) = စားစရာအားဖြင့် မအပ်သော အသားကြီး(၁၀)မျိုးနှင့် အစွန်းသုံးပါး မလွတ်သော
အသားငါးမှအပ ကျန်စားဖွယ်သောက်ဖွယ်များ။
(၂)
ယာမ ကာလိက = အချိန်အားဖြင့် မွန်းလွဲပြီးမှ
နောက်တစ်နေ့ အရုဏ်မတက်ခင်အထိ
(တစ်ရက်သုံး
အာဟာရ) = မအပ်သော အသီးကြီး(၉)မျိုးမှအပ
အပ်သောသောက်ဖွယ်ဖျော်ရည်များ။
(၁) ယာဝ ကာလိကနှင့် (၂) ယာမ
ကာလိကတို့သည် စားဖွယ်နှင့်သောက်ဖွယ်တို့ဖြစ်ကြသည်။
(၃)
သတ္တာဟ ကာလိက = အချိန်အားဖြင့် (၇)ရက်အထိ
သိမ်းထား၍ အကြောင်းရှိက သုံးဆောင်နိုင်
(၇-ရက်သုံး ဆေး) = ထောပတ်၊
ဆီ၊ ဆီဦး၊ ပျားရည်၊ ထန်းလျက်(သကြား၊ ကြံသကာ)
(၄)
ယာဝ ဇီဝိက = တစ်သက်လုံး သိမ်းထား၍ အကြောင်းရှိက သုံးဆောင်နိုင်
(သက်ထက်ဆုံးသုံး
ဆေး) = ဆေးအမျိုးမျိုး
(၃) သတ္တာဟ ကာလိကနှင့် (၄)
ယာဝ ဇီဝိကတို့သည် ဆေးများဖြစ်ကြ၍ ဖြစ်ပြီး/ဖြစ်လာ အနာရောဂါရှိမှ သုံးဆောင်ခွင့်ရှိသည်။
ဖျော်ရည်သည်
ယာမ ကာလိကဖြစ်သည်။
စပါးလင်သီးသန့်
(သို့) ဂျင်းသီးသန့် (အစားအစာနှင့်မရောက) ယာဝဇီဝိကဆေးအဖြစ် အသုံးပြုနိုင်သည်။
သကြား(သို့)
ပျားရည်နှင့်ရောက (၇)ရက်ဆေး သတ္တာဟကာလိကဆေးအဖြစ် အသုံးပြုနိုင်သည်။