Tuesday, July 11, 2023

Post No.8 သံဝေဂဝတ္ထု ၈ ပါး

 သံဝေဂဝတ္ထု ၈ ပါး


၁။ ဇာတိ- ပဋိသန္ဓေ တည်နေရခြင်း ဆင်းရဲ၊

၂။ ဇရာ- အိုရခြင်း ဆင်းရဲ၊

၃။ ဗျာဓိ- ဖျားနာရခြင်း ဆင်းရဲ၊

၄။ မရဏံ- သေရခြင်း ဆင်းရဲ၊

၅။ အပါယဒုက္ခံ- အပါယ်ဘုံ၌ ဖြစ်ရခြင်း ဆင်းရဲ၊

၆။ အတီတေ ဝဋ္ဋမူလကံ ဒုက္ခံ- အတိတ်ဘဝ၌ ဝဋ်လျှင်အရင်းခံ ရှိသော ဆင်းရဲ၊

၇။ အနာဂတေ ဝဋ္ဋမူလကံ ဒုက္ခံ- အနာဂတ်ဘဝ၌ ဝဋ်လျှင် အရင်းခံရှိသော ဆင်းရဲ၊

၈။ ပစ္စုပ္ပန္နေ အာဟာရ ပရိယေဋ္ဌိမူလကံ ဒုက္ခံ- ပစ္စုပ္ပန်ဘဝ၌ အစာအာဟာရကို ရှာဖွေရခြင်းလျှင် အရင်းခံရှိသော ဆင်းရဲ။


(ဒီ၊ဋ္ဌ၊၂။၃၈၄။) (မ၊ဋ္ဌ၊၁။၃၀၁။) (အံ၊ဋ္ဌ၊၁။၄၀၁။) (ပဋိသံ၊ဋ္ဌ၊၂။၁၄၅။) (ခုဒ္ဒက၊ဋ္ဌ။၂၀၁။) (ခုဒ္ဒက၊ဋ္ဌ။၂၀၁။) (ဣတိဝုတ်၊ဋ္ဌ။၁၀၉။) (သုတ္တနိ၊ဋ္ဌ၊၁။၁၇၈။) (စရိယာ၊ဋ္ဌ။၁၃၁။) (မဟာနိ၊ဋ္ဌ။၄၁၇။) (ဝိသုဒ္ဓိ၊၁။၁၃၁။) (သာရတ္ထ၊ဋီ၊၂။၂၂၈။) (ဒီ၊ဋ္ဌ၊မြန်၊၂။၇၁၃။) (ဒီ၊ဋ္ဌ၊မြန်၊၂။၇၁၃။)

Post No.7 သမာဓိသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရား ၁၁ ပါး

 သမာဓိသမ္ဗောဇ္ဈင် ဖြစ်ကြောင်းတရား ၁၁ ပါး


၁။ အတွင်း, အပ ကာယဝတ္ထု စင်ကြယ်အောင် ပြုသူ ဖြစ်ခြင်း၊

၂။ သဒ္ဓါစသော ဣန္ဒြေတိုကို ညီမျှအောင် ပြုသူ ဖြစ်ခြင်း၊

၃။ ကသိုဏ်း နိမိတ်ကို ယူခြင်း၌ ကျွမ်းကျင်လိမ္မာသူ ဖြစ်ခြင်း၊

၄။ လုံလလျော့ခြင်း စသည်တိုကြောင့် စိတ် တွန့်ဆုတ်သော အခါ၌ ထိုတွန့်ဆုတ်သော စိတ်ကို ချီးမြှောက်တတ်သူ ဖြစ်ခြင်း၊

၅။ စိတ် ပျံ့လွင့်သော, မတည်တံ့သော အခါ၌ ထိုပျံ့လွင့်သော စိတ်ကို နှိပ်သူ ဖြစ်ခြင်း၊

၆။ သာယာမှု မရှိသော စိတ်ဖြစ်သော အခါ၌ သံဝေဂဝတ္ထု ရှစ်ပါးတိုကို ဆင်ခြင်ခြင်းဖြင့် ရွှင်လန်း တက်ကြွစေသူ ဖြစ်ခြင်း၊

၇။ အာရုံ၌ အညီအမျှဖြစ်သော သမထလမ်းမှန် သွားနေသောစိတ် ဖြစ်သောအခါ၌ လျစ်လျူရှုသူ ဖြစ်ခြင်း၊

၈။ စိတ်ပျံ့လွင့်သူကို ရှောင် ကြဉ်သူ ဖြစ်ခြင်း၊

၉။ စိတ်တည်ကြည်သူကို မှီဝဲသူ ဖြစ်ခြင်း၊

၁၀။ ဈာန်ဝိမောက္ခတိုကို ဆင်ခြင်သူ ဖြစ်ခြင်း၊ 

၁၁။ ရပ်ခြင်း, ထိုင်ခြင်း စသည်တို၌ သမာဓိဖြစ်စေခြင်းငှာသာ စိတ်ကို ညွတ်သူ ဖြစ်ခြင်း။


(ဒီ၊ဋ္ဌ၊၂။၃၈၃။) (မ၊ဋ္ဌ၊၁။၃၀၁။) (သံ၊ဋ္ဌ၊၃။၁၉၉။) (အံ၊ဋ္ဌ၊၁။၄၀၁။) 

(အဘိ၊ဋ္ဌ၊၂။၂၇၁။) (ဝိသုဒ္ဓိ၊၁။၁၃၁။) (သာရတ္ထ၊ဋီ၊၂။၂၂၅-၂၂၆။) (ဒီ၊ဋ္ဌ၊မြန်၊၂။၇၁၂။)

Post No.9 ဖျော်ရည်အကြောင်း

  ဖျော်ရည်နှင့်စပ်၍ သိမှတ်ဖွယ်ရာများ   မြတ်စွာဘုရားရှင်သည် ဖျော်ရည်ကို မွန်းလွဲအခါ၌  ပိပါသ ခေါ် ဆာလောင်ခြင်း အကြောင်းရှိမှသာလျှင် သုံးဆောင...